Tuesday, September 25, 2007
တို့ရဲ့..အင်တာနက်
(၁)
နေ့ Chat ည Chat...
မနက် Chat နှင့်
Chat ပြီးရင်းသာ Chat ချင်ပါလည်း
Connection မကောင်း၊ Server ဒေါင်းသည်..
ကျွန်ုပ်တို့၏ ဒုက္ခတည်း...။
(၂)
ဝေးမြေခြားတဲ့၊ ချစ်သက်ထားဆီ
စာလွှာပါးရန် mail ဖွင့်ပြန်တော့
ဟို ဘမ်း ဒီဘမ်း..အကုန်ဘမ်းသည်..
်Free mail မရ၊ တို့ဒုက္ခ
(၃)
Plannet, Bagan သင်တို့ထံတွင်
ကျွန်ုပ်အရေး ၀င်ဆွေးနွေးသော်
Morderator တော်ရှာပါသည်..
ဘယ်ခါမရောက်၊ Topic အောက်..။
(၄)
့Yahoo, MSN Messenger ပြန်လည်း
သုံးခွင့်မပေး၊ ကျွန်ုပ်မေးမည်
အလှကြည့်ရုံ လုပ်သလား...။
(၅)
တခါတရံ၊ ပင်ပမ်းပြန်လို့
အချိန်မနှေး Chat ကိုပြေးသော်၊
Chatroom အရှင် “ကိုကိုလွင်” က
Maintenance ရန် Chat ပိတ်ပြန်သည်၊
တစ်လ ကိုးသီတင်း ကြာသတည်း..။
(၆)
သြော်....
ရွှေပြည်သစ်ဆီ၊ ဒို့လှမ်းချီလို့
နိုင်ငံတကာ၊ ကမ္ဘာရွာတွင်
နောက်မကျအောင်၊ တို့စွမ်းဆောင်မည်
နောင်ထောင်စုနှစ် ရောက်ကာမှ...။
(ကဗျာအမျိုးအစား ="အိုင်ချင်း”၊ ရေးသူ = “အမည်မသိခေတ်စာဆို”)
မြန်မာချက်... အမှတ်တရ.. ပြန်လည်ဖော်ပြပါသည်..၊
Sunday, September 23, 2007
အထီးကျန်
အရင်ကတည်းက နေတတ်ပြီးသား
အခုမှ... ဘာများ ၀မ်းနည်းရမလဲ......။
အထီးကျန်မို့၊ အကျည်းမတန်ပါဘူး..
ကိုယ့်ဘ၀ကို၊ ကိုယ့်ဘာသာမောင်းနှင်...
ကိုယ့်လမ်းကိုယ်ဖောက်၊ ဟိုးထိပ်ဆုံးရောက်အောင်သွား...
ငါက....ဖန်ဆင်းရှင် လူသားလေ......။
လူ့အလို လူ့အကြိုက်
အခါတစ်ရာမက လိုက်ခဲ့ပေမယ့်....
မလိုက်မိတဲ့ တစ်ခါကို ပုံကြီးချဲ့
စိတ်ဓါတ်တွေ ကျိုးပဲ့အောင်.
စကားလုံးနဲ့ သတ်တတ်တဲ့
လူတွေကို ရွံတယ်......။
အများနဲ့ တစ်ယောက်မို့
ဒူးထောက်ငိုကြွေး...
ငါက ပူဆွေးနေမယ်ထင်လား....။
သွားစမ်းပါ...
ငါ့ဘ၀ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို
ဘာမဟုတ်တဲ့ လူတွေအတွက်...
ပေးဆပ်ရအောင် တန်မှမတန်တာ.....။
လောကဓံရေ...
မင်းဘယ်လောက် ဖိနှိပ်နိုင်မလဲ
မင်းလက်က လွတ်တဲ့တစ်နေ့
မိုးကို ဒူးနဲ့ တိုက်ပြမယ်....။
တူဖြစ်နေတုန်း နှံလိုက်ကြဦးပေါ့
ပေဖြစ်နေတဲ့ငါ...
အံကြိတ်ကာ ခံနေမှာပါ....။
ငါ..သံယောဇဉ်ထားမိသမျှလူတိုင်းက
ငါ့ကို စော်ကား
နောက်များတော့ တော်ပါပြီ......။
အရင်ထဲက သင်းကွဲ...
မင်းတို့..လုပ်ရပ်ကြောင့်..
ထူးပြီး ၀မ်းမနည်းပါဘူး.....
နေတတ်ရင် ကျေနပ်စရာတွေ
ငါ့ကမ္ဘာမှာ အပြည့်ပါ....။
အနာဂါတ်ကာလမှာ...
ငါ့ဘ၀ အဆင့်မြင့်အောင်...
ငါ့ဘာသာ စွမ်းဆောင်ရမှာမို့...
အသုံးမကျတဲ့ လူ့အန္ဓတွေရေ....
အားလုံး....Goodbye..........။
((လေးညှို့ရှင်))
Saturday, September 22, 2007
ကောင်းကင်ဆီပို့တဲ့ အီးမေး(လ်)
ကောင်းကင်ဆီပို့တဲ့ အီးမေး(လ်)
``မင်္ဂလာပါမေမေ´´
အိပ်မက်စိမ်းပွင့်ပန်ထားတဲ့ တောတန်းလေး
ညတွေရဲ့ မွန်းကျပ်မှုနဲ့ အသက်ရှင်၊
သားဘ၀က နက်ဖန်ဆိုတာမရှိ၊
သားအလှကဗေလုဝနဲ့ ကုသ၀င်းစားတယ်၊
သားအချစ်က ဘုရားရှင်ရှေ့ကသစာပန်း၊
` သားကောင်မလေးက ခြေသလုံးမလှဘူး၊
သားဝင်ငွေက သူဖုံးစားထက်ဆင်းဆင်းရဲရဲ၊
သားဝါသနာက မိုးခေါင်ရေရှားမှာ ပွင့်တဲ့ပန်း၊
သားအဖြစ်က ကွန်ပျူတာလို Restoreခေါ်မရတဲ့ အမှားတွေနဲ့
ညဖိနပ်တစ်ရံနဲ့လေလွင့်သူ၊
မေမေရေ.....
မေမေ့အမျိုးတွေက အရောင်တွေနဲ့ လွမ်းဖတ်ကျ
ပန်းပွင့်ရောင်မြှား အထပ်ထပ်နဲ့ ပစ်ခတ်ကြ
သားရဲ့ ကျည်ကာအကျီင်္က ညီမလေး၊
အခုတော့ သားဘ၀က
စိတ်လေးလက်ဝန်ကြီးနဲ့ မပေါ့မပါး
ဘယ်တော့ ဘယ်လို ဖွားမလဲမသိတဲ့ ဒုက်ခနဲ့
သားညီမလေးကိုသတိရတယ်၊
တကယ်တော့ ဘ၀ဆိုတာ
မေမေပြောသလို တောနက်တောင်တန်းပါပဲ မေမေရယ်၊
မေမေရေ...
မေမေ့သားဘ၀လေး ကွန်ပျူတာလို windowကျသွားတဲ့အခါ
သားညီမလေးကို အတင်ခိုင်းပါ၊
မေမေ့သားဘ၀လေး ဆက်သွယ်မှု ဧရိယာအပြင်ဘက်ရောက်သွားတဲ့အခါ
သားညီမလေးကို ဆက်သွယ်ပါ၊
မေမေ့သားဘ၀လေးရဲ့ ခုံတန်းလေး နေညိုသွားရင်
သားညီမလေးနဲ့ တိုင်ပင်ဆွေးနွေးပါ၊
တကယ်ဆို(စင်္ကာပူကို လယ်ထွန်သွားချင်တဲ့သားအတွက်)
စကားလုံးအဆိပ်တက်နေတဲ့ တဲပျက်တစ်လုံးဆိုတာ
ဟောဒီအိပ်မက်တောတန်းလေးပါပဲ မေမေရယ်။ ။
ကေတီဦး
(ကိုနေသစ်ရဲ့ အိပ်မက်တောအုပ် ဘလော့ခ်မှ)
Thursday, September 20, 2007
စိတ်ဓါတ်
မအောင်မြင်မှုက သူ၏အကြောင်းအရင်းကို
“ပတ်ဝန်းကျင်” ဆိုသည့်
အရေးမပါသော စကားလုံးမှာ ရှာဖွေကာ
နှစ်သိမ့်မှုပေးနေမည် ဖြစ်သော်လည်း
စိတ်ဓါတ်ကမူ
ယင်းကို မထေမဲ့မြင်ပြုကာ
လွတ်လပ်စွာပင် ရပ်တည်သည်။
သူသည် အချိန်ကာလကို စိုးမိုးသည်။
နေရာဌာနကိုလည်း အောင်နိုင်သည်။
ကံကြမ္မာတည်းဟူသော ၀င့်ကြွားတတ်သူ
လူလှည့်စားကို
ချိုးနှိမ် ငြိမ်ဝပ်စေသည်။
အခြေအနေ အကြောင်းခြင်းရာတည်းဟူသော
အာဏာရှင် ဘုရင်မင်းကို
သရဖူဖြုတ်ပယ်ကာ
အစေအပါးအဖြစ် ခစားစေသည်။
မသေဆုံးနိုင်သော နာမ်ဝိညာဉ်မှ ပေါက်ဖွားခဲ့သည့်
စိတ်ဓါတ်တည်းဟူသော
မမြင်ရသည့် စွမ်းအား၊
သည်စွမ်းအားသည်
ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းတွင်
ကျောက်သားနံရံ ခြားထားသော်လည်း
ထွင်းဖောက်၍ သွားမည်ပင်။
ထို့ကြောင့် ဖြစ်လိုရာမဖြစ်သေးဘဲ
နှောင့်နှေးကြန့်ကြာနေသည့် ကာလမျိုးတွင်
နှေးကွေးလှဘိဟု
ညည်းညူမြည်တမ်းမှု မပြုပါနှင့်။
နားလည်သူပီသစွာ
စောင့်စည်း သည်းခံပါ။
စိတ်ဝိညာဉ် ကြိုးကြွနိုးထပြီး
အရာရာကို စီမံခန့်ခွဲပြီဆိုလျှင်
နတ်ဒေ၀တာများပါမကျန်
နာခံရန် အသင့်ရှိကြမည်သာပင်။
ဖေမြင့်
((သင့်စိတ်သင့်အတွေးအကြံများ အတိုင်းသာ))
Wednesday, September 19, 2007
မှားတဲ့ဘက်မှာ
ဘ၀ဟာ..ချိုသလား..ခါးသလား...
ငါကတော့...
ရိုးသားစွာ..မှားနေတတ်သူပါ....။
(၂)
လူ့လောက.မာယာတောမှာ...
အခါခါ..ရင်မောရင်း...
ဒဏ်ရာတွေ..ပိုပိုတိုး...
ရင်ထဲမှာ...
ဆူးပင်တွေ..ပျိုးလို့ပေါ့.....။
(၃)
ယုံကြည်မှုရဲ့ရလဒ်...
ကျောပြင်ထက်က..ဓါးချက်တွေကလည်း..
တဖြည်းဖြည်း..များပြား..
ခုဆိုရင်..
ပိုပို..ဆိုးဝါးလို့လေ.....။
(၄)
အများနဲ့တစ်ယောက်...
ယှဉ်ပြိုင်စရာတွေ..ပေါ်ပေါက်တဲ့အခါ..
အားနည်းသူကို..အပြစ်ပုံချ..
အဲဒါ.. သဘာဝလား...။
(၅)
ရှေ့တစ်မျိုး..ကွယ်ရာတစ်မျိုးနဲ့..
အပြုံးတုနဲ့လမ်းပြ.ချောက်ထဲအထိတွန်းချတတ်တဲ့..
မျက်နှာဖုံးနောက်က..
လူတွေရဲ့..အဇ္ဈတကို ရွံတယ်...။
(၆)
မလိုသူတွေရဲ့..မျက်နှာထား...
ကျီးလို..၀ိုင်းအာတတ်တဲ့..စကားတွေကြားမှာ..
အံကြိတ်မာန်တင်း..
ရှေ့မှာ .. အောင်မြင်ခြင်းရဲ့ပန်းတိုင်းရှိတယ်...။
(၇)
ဘ၀ရဲ့..မီးရှုးတန်ဆောင်...
မျှော်လင့်ခြင်းရဲ့..အလင်းရောင်တွေနဲ့...
ကိုယ့်ဘ၀ကို..ထုဆစ်..
တစ်နေ့မှာ..ငါဟာ...
အားလုံးရဲ့အထက်..ဟိုး....မိုးမြင့်မှာလေ....။
((လေးညှို့ရှင်))
ဂိုးစောင့်
အဲသလို...
အတွေ့အကြုံအရလည်း နုနယ်တော့..
ကိုယ့်ကစားကွက်ဟာ..
ရယ်စရာဖြစ်ကောင်း...ဖြစ်နေမယ်…...။
မကွယ်မ၀ှက်ပြောရရင်...
ကိုယ်.....
ရှေ့တန်းတိုက်စစ်မှူးလည်း .. မဟုတ်
ကွင်းလည်ဖန်တီးရှင်လည်း .. မဟုတ်
နောက်တန်းခံစစ်သမားလည်း .. မဟုတ်
ကိုယ့်အတ္တအတိုင်းဆို
((ချီလာဗက်)) လို
ဖရီးကစ်တွေက တစ်ဆင့်
အနိုင်ဂိုးတွေ တဒိုင်းဒိုင်း သွင်းပစ်ချင်တာပေါ့…...။
အခုတော့....
ကံကြမ္မာဒိုင်ရဲ့ တစ်ဖက်သတ်လှည့်ကွက်မှာ...
ပြစ်ဒဏ်ဘောတွေ ခဏခဏ အပြခံရနဲ့..
လောကဓံ..တိုက်စစ်မှူးတွေရဲ့...
ဗျူဟာမြောက် ကန်ချက်ပြင်းပြင်းတွေကိုပဲ...
စက္ကန့်တိုင်းနဲ့အမျှ..အလူးအလဲ ပုတ်ထုတ်ကာကွယ်နေရတယ်.....။
ဝေးအိမ်
Wednesday, September 12, 2007
Shinning Star
ဒေါက်တာမတင်ဝင်း
(အတွေးမိုးစက်များ.. မှ)